Local News

ဧည့်မထဆန်(မနောသုခ)သစ်၊ ဆန်ကွဲ B(1,2)/B(2,3,4)နှင့် ဖွဲနုတို့ဈေးတက်ပြီး ဧည့်မထဆန်(မနောသုခ)ဟောင်း၊ ပေါ်ဆန်းမွှေး(ဟောင်း)နှင့်(သစ်)ဈေးများ တည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျှက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၅.၅.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၇၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၈၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ်  ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၅၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ်  ၅၀၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၇၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၁၈.၅.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၇၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၆၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ်  ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၀၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ်  ၄၅၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၇၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)သစ် တစ်အိတ် ၁၅၀၀၀ ကျပ်၊  ဆန်ကွဲ B(1,2) တစ်အိတ် ၅၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၅၀၀၀ ကျပ်၊ ဖွဲနု တစ်အိတ် ၆၀၀ ကျပ်တို့ဈေးတတ်ပြီး ဧည့်မထဆန်(မနောသုခ)ဟောင်း၊ ပေါ်ဆန်းမွှေး(ဟောင်း)နှင့်(သစ်)တို့မှာ ဈေးငြိမ်လျှက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)သစ်၊ ဆန်ကွဲB(1,2)/B(2,3,4)နှင့် ဖွဲနုတို့ ဈေးတက်ရခြင်းမှာ ဝယ်လိုအားကောင်းနေခြင်းကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။  

 

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News